တီဘီရောဂါဟာ ရောဂါရှိတဲ့လူနာကနေတစ်ဆင့်လေထဲမှ ကူးစက်တတ်တဲ့ရောဂါမျိုးပဲဖြစ်ပါတယ်။
တီဘီရောဂါပိုးဟာ ခန္ဓာကိုယ်ထဲရောက်တာနဲ့ အစောပိုင်းအဆင့်မှာ အဆုတ်ကိုထိခိုက်စေပြီး ဆေးကုသမှုသေချာမခံယူရင် နောက်ပိုင်းမှာတစ်ခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါပျံ့နှံ့ နိုင်ပါတယ်။🫁
တီဘီပိုးကူးစက်ခံရသူတိုင်းဟာ ရောဂါလက္ခဏာပြပုံချင်းမတူတက်တာမို့ ကိုယ်ခံအားနည်းသူ၊ တစ်ခြားသောရောဂါပြင်းပြင်းထန်ထန် ဖြစ်တဲ့သူတွေမှာပိုမိုဆိုးရွာစေတတ်ပါတယ်။
ပုံမှန်မြင်တွေ့ရတဲ့ လက္ခဏာတွေကတော့👇
ဒီရောဂါလက္ခဏာတွေထဲက တစ်ချို့ဟာတစ်ခြားသောရောဂါများနဲ့လည်း ဆင်တူယိုးမှားဖြစ်တာမို့ အကောင်းဆုံးနည်းလမ်းကတော့ မိမိကိုယ့်ကို တီဘီရောဂါသံသယရှိခဲ့လျှင်၊ တီဘီရောဂါဖြစ်နေသူတွေနဲ့ အနီးကပ်နေထိုင်ရလျှင် ဆရာဝန်နဲ့ပြသပြီး ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ ဆေးစစ်ခြင်းတွေကို ပြုလုပ်သင့်ပါတယ်။ 👩🏻⚕️
💊တီဘီရောဂါဖြစ်လို့ ဆေးသောက်ရတဲ့အခါမျိုးတွေမှာလည်း ဆေးကိုမပြတ်မလပ်ဘဲ အချိန်မှန်သေချာသောက်သုံးသင့်ပါတယ်နော်။ ပဋီဇီဝဆေးတွေကို သေချာသောက်သုံးမှုမရှိလို့ ဆေးယဉ်ပါးတီဘီရောဂါဖြစ်သွားလျှင် နောက်ဆက်တွဲကုသရမှုတွေမှများစွာခက်ခဲနိုင်ပါတယ်။
တီဘီရောဂါဖြစ်ဖူးပြီး ပျောက်ကင်းသွားတဲ့သူတွေဆိုရင်တောင်မှလည်း ရောဂါပိုး ပြန်လည်ကူးစက်တတ်တာမို့ အဆုတ်ကို တစ်နှစ်တစ်ခါ ဆေးစစ်တာ၊ အဆုတ် အအေးမပတ်အောင် ဂရုစိုက်တာ၊ ဆေးလိပ်သောက်တာကိုရှောင်ကြဉ်တာ၊ ကိုယ်ခံအားကောင်းအောင်နေတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။